ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒေးဒရဲ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီ ငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ညနေ (၂)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်မှုဖြင့်   နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းဒုတိယမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင်များက ​မြို့မစျေးတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးကြိုးများကြံ့ခိုင်မှု၊ သွယ်တန်းထားရှိမှုများ၊ မီးသတ်ရေကန်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ကာကွယ်နိုင်ရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေး ဆောင်ရွက်ခြင်း၊ ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရပ်ကွက်၊ ကျေးရွာ မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း