ကလိန်အောင် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ် အမျိုးဆက်သစ်ထွန်းလင်းတောက်ပလာမည့် ကျောင်းသူ/ကျောင်းသားများ အနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အတွေးအခေါ်ရင့်သန်လာစေ ရန်၊ စာပေအကျိုးကျေးဇူးများကိုသိရှိစေရန်အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေတန်ဖိုးကို သိရှိလေ့လာမှတ်သားတက်စေရန်နှင့် စာဖတ်ပရိသတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများပိုမိုတိုးပွားလာစေ ရန်စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီးပြိုင်ပွဲကို အထက-ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ကြိုက်ကဗျာဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)