သာပေါင်း အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စုတွင် RS to CS ဆင်းသုခစပါး မျိုးစေ့ထုတ်ရိတ်သိမ်းရာသို့ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တတ်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများက ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံဖြင့် ချေးငွေရယူ စိုက်ပျိုးထားသည့် တောင်သူဦးကျော်ဝင်း၊ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ် (၂၃/၂)၊ RS to CS ဆင်းသုခစပါး မျိုးစေ့ထုတ်(၅)ဧက စိုက်ခင်းအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြှုပ်ခြင်း၊ ဓာတ်မြေသြဇာ အချိုးကျထည့်သွင်းခြင်း (၁၅ ပတ်လည်ကွန်ပေါင်းတစ်အိတ်၊ ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်၊ စိမ်းရောင်စို သဘာဝမြေသြဇာနှစ်အိတ်) ထည့်ကျွေး စိုက်ပျိုးခဲ့ရာ ယခင်နှစ် တစ်ဧက အစို (၈၅)တင်း ထွက်ခဲ့ပြီး၊ ယခုနှစ် ရိတ်သိမ်းရာ တစ်ဧက အစို (၁၂၄.၃)တင်း၊ အခြောက် (၁၁၂)တင်း ထွက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)