ကျွန်းလှ၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ကျွန်းလှ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမျာရေးဦးစီးဌာနက သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ သန္ဓသားအနေအထား မှန်/မမှန်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့် အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ