ထန်းတပင်(ပဲခူး) အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယ (၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် အဘိုး/အဘွား (၁၀)ဦးအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အောင်ချမ်းသာရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ငွေများကို ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦထွန်းကိုကိုမှ ကြီးကြပ်၍ အဘိုး/အဘွားတစ်ဦးလျှင် ၂၀၂၃ ခုနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် (၃၀၀၀၀/-) သုံးသောင်းကျပ် တိတိအား အဘိုး/အဘွားများထံသို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ အသက် (၈၅)နှစ်အထက် အဘိုး၊ အဘွား (၁၉၆)ဦးရှိပြီး တစ်ဦးလျှင် ၂၀၂၃ -ခုနှစ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် ငွေကျပ် (၅၈၈၀၀၀၀/-)ကျပ်တိတိကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)