မြို့သစ် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရင်မိုးက အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၊ အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှု ဖြစ်ရခြင်း၏ အကျိုးဆက်များ၊ အကြမ်းဖက်မှုများ ဖြစ်သည့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ထိခိုက်နစ်နာစေသော လူမှုဓလေ့ ထုံးတမ်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အကြမ်းဖက်ခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာ၊ ဖုန်းနံပါတ်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)