မြောင်းမြမြို့နယ်၌ မြတ်မော်တင်စွန်းဘုရား ရင်ပြင်တိုးချဲ့ခြင်းနှင့် မြစိမ်းရောင်တောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံခြင်း ခရိုင်အဆင့် အလှူငွေပေးအပ်ပွဲကျင်းပ

မြောင်းမြ  အောက်တိုဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌  မြတ်မော်တင်စွန်းဘုရား ရင်ပြင်တိုးချဲ့ခြင်းနှင့် မြစိမ်းရောင်တောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံခြင်း ခရိုင်အဆင့် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊  အိမ်မဲ၊ ဝါးခယ်မမြို့နယ်များက  မြတ်မော်တင်စွန်းဘုရား ရင်ပြင်တိုးချဲ့ခြင်းနှင့် မြောင်းမြမြို့ မြစိမ်းရောင် တောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက်  အလှူငွေများကို မြို့နယ်အလိုက် ပေးအပ်လှူဒါန်းပြီး အလှူရှင်များ၊  ဌာနဆိုင်ရာ များကလည်း  အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)