ဒေးဒရဲ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာနှင့် ဘိုးဘွားများအား ထောက်ပံ့လှူဒါန်းသည့် ငွေပဒေသာပင်နှင့် ဂါရဝပြုပစ္စည်းများအား ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ် (၁)ရပ်ကွက်၊ မြတ်စေတနာဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းခြင်းကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က မြတ်စေတနာဘိုး ဘွားရိပ်သာ ရေရှည်တည်တံ့ရေးအတွက် ထောက်ပံ့လှူဒါန်းသည့် ငွေပဒေသာပင် (၅)သိန်းကျပ် အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားတစ်ဦးလျှင် လှူဒါန်းငွေ(၁၅၀၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်း များအား ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ရာ ဘိုးဘွားများက ဆုတောင်းမေတ္တာ စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း