ဒိုက်ဦး အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေသက်အာင်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာပြီး စာပေများကိုလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုများ တိုးပွား၍ စာပေချစ်သူများတစ်ဦးနှင့်တစ်ဦးပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော (Woman Club)အဖွဲ့ဝင် ဒေါ်သင်းသင်းခိုင်၊ ဒေါ်ဝင်းအေးကျော်၊ ဒေါ်အေးအေးစိုးတို့က "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ ခေါင်းစဉ်အလိုက်ဖတ်ကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)