ကျွန်းစုမြို့နယ်တွင် ကမ္ဘာ့ဆရာများန့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

ကျွန်းစု အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အ.ထ.က(ကတ္တလူ) ကျောင်းရှိ အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း ကတ္တလူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် အငြိမ်းစားဆရာ ဦးထွန်းအေးနှင့် ဆရာမ ဒေါ်အုန်းမြင့် တို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဂါဝရပြု ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားသို့ တက်ရောက်လာသော အငြိမ်းစား ဆရာ၊ ဆရာမ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား ကန်တော့လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီးနောက်၊ အငြိမ်းစားဆရာ ဦးထွန်းအေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ အတန်းမှူး၊ ဆရာ၊ဆရာမတို့၏ ဆုတောင်းဆုံးမစကား ပြောကြားမှုအား ကျောင်းသား၊ ကျောင်းသူများက နာခံပြီး မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးစိုးသွယ်(ကျွန်းစု)