ထားဝယ် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်း (ဒုတိယသုတ်)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသူများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ စက်မှုလက်မှုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မိမိဒေသ မိမိရပ်ရွာမှာရှိသော ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များ၊ကလေးငယ်များကို အတိုင်းအတာ တစ်ခုအထိ ကျန်းမာရေး စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အထူးသဖြင့်ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုများ၊ အမျိုးသမီးများ၊ ကလေးများကိုစောင့် ရှောက်နိုင်ရန်နှင့်အထောက်အကူဖြစ်နိုင်ရန်စေတနာ့ဝန်ထမ်းကျန်းမာရေးအရန် သားဖွားဆရာမများက ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အဓိကအနေဖြင့်ရပ်ကွက်/ကျေးရွာများတွင် ကျန်းမာရေးနှင့် သက်ဆိုင်သောအသက်အန္တရာယ်ကျရောက်နိုင်သည့်ရောဂါများ ဖြစ်ပွားလာပါက ကျန်းမာရေးဝန်ထမ်းနှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးပါက တန်ဖိုးရှိကြောင်း၊ ယုခုသင်တန်းသို့ တက်ရောက်သင်ကြားနေခြင်းမှာတန်ဖိုးရှိသော လူငယ်ဘဝများကို တန်ဖိုးရှိစွာအချိန်ကိုအသုံးပြုခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နေထိုင်စားသောက်မှုများအဆင်ပြေရေး၊ သင်တန်းသူ များအတွက်လက်စွဲစာအုပ်များစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိဒေသ၊ မိမိရပ်ရွာကို မိမိပညာဖြင့်ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်နိုင်သူ များဖြစ်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လိုအပ်သော အကူအညီများကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက် မှုများအဆင်ပြေစေရေးနှင့် သင်တန်းသူများအတွက်၍ မကြာခဏလာရောက်ကြည့်ရှပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သားဖွားဆရာမများအနေ ဖြင့်မိမိရပ်ကွက်/ကျေးရွာ ရောက်ရှိပါက စေတနာနှင့်ဆက်ဆံရေးအကောင်းဆုံးဖြစ်အောင်တည်ဆောက်ပြီး ရပ်ကွက်ကျေးရွာ နေပြည်သူများကို ကူညီဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာကျန်းမာရေးဌာန နှင့်ဆက်သွယ်၍ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဆန်(၃၀)အိတ်နှင့်ဆီ(၅၀)ပိဿာအား ထောက်ပံ့ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)