မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရေးနှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က တောရ အခြေခံပညာအလယ်တန်းကျောင်းနှင့် ပလွန်စာ (အ.လ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုအေးက ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတ ရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ခြင်းဖြင့် မိမိဘဝကိုမြှင့်တင်ပါ ခေါင်းစဥ်နှင့် အလိမ္မာစာမှာရှိ ခေါင်းစဉ်တို့ဖြင့် ဟောပြောပေးခဲ့ပြီး တောရ (အ.လ.က) ကျောင်းနှင့် ပလွန်စာ(အ.လ.က)ကျောင်းစာကြည့်တိုက်အတွက် ရသစာအုပ်များနှင့် ဂျာနယ်စာစောင်များကို လှူဒါန်းပေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူလေးများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ် အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ပြသထားရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင် စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)