ရေတာရှည် အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် နွေစပါးရေပေးဝေရေးအတွက် ယာယီတည်ဆောက်ထားသည့် ဆွာချောင်းရေလှောင်တမံ ရေအမှတ် ၃၀၈.၈၀ ပေနှင့် ယာယီရေလှောင်တမံရေပိုလွှဲမှ ၃.၈၀ ပေခန့်ရေကျော်နေမူအား ဆည်မြောင်းတည်ဆောက်ရေး(၆)မှ ညွှန်ကြားရေးမှူးဦးကောင်းမြတ်သိန်းနှင့်အဖွဲ့၊ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ဆွာချောင်းရေလှောင်တမံရှိ ယာယီပိတ်ထားသော တမံအား ထိခိုက်မူမရှိစေရေးအတွက် ရေပိုလွှဲအား ပေ ၁၂၀ အထိ အကျယ်ချဲ့ထားပြီးတမံအတွင်းရှိ ရေများလျော့နည်းစေရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရေကျော်ကျသည့်အချိန်မှစ၍ ၂၄ နာရီနေ့၊ ညနာရီစဉ် ကင်းလှည့်စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆွာချောင်းအတွင်း ရေများလျက်ရှိပြီး စိုက်ပျိုးမြေများ၊ လူနေအိမ်များသို့ ရေဝင်ရောက်ခြင်းမရှိကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)