မြောင်းမြမြို့နယ် မဒေါ့ပင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ ဆွေးနွေးရှင်းလင်းပွဲကျင်းပ

မြောင်းမြ အောက်တိုဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) အကောင် အထည်ဖော်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ဆွေးနွေးရှင်းလင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြောင်းမြခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့် အမှာစကားပြောကြားပြီး မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူက မဒေါ့ပင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များ၊ ဆောင်ရွက်မည့် နည်းလမ်းများနှင့်  Smart Village အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ​မြောင်းမြ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)