စစ်ကိုင်း အောင်တိုဘာ ၁၂
စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်နိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟောပြောဆွေးနွေးပွဲတွင် ရန်နိုင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုအေးက အမှာစကားပြောကြားပြီး ခရိုင်အာကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက အားကစားနှင့် လူငယ်ရေးရာကဏ္ဍများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စပယ်ဦးက အားကစားနှင့် ကာယပညာသိပ္ပံဆိုင်ရာ အကြောင်းအရာများ ကိုလည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြပြီး ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံ ပေးခဲ့ပြီး Fitness Dance ဖြင့် သရုပ်ပြ ကပြပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် အဆင့်မြင့်ကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်တာဝန် ရှိသူများနှင့် ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများ နှင့် အားကစားကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆွေးနွေးပေးခြင်း၊ အခါအားလျော် စွာ အားကစားမျိုးစုံ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်