မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မအူပင် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနတွင်းဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီက စာဖတ်ဝိုင်းကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ဝန်ထမ်းများမှ စာရေးဆရာ မခင်စောတင့် ရေးသားထားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ပါ မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့ ဆောင်းပါးမှ လေ့ကျင့်ခန်း၊ အရောင်များကိုအသုံးပြုပါ၊ ဂီတနဲ့ကြိုးစားကြည့်ပါ၊ သင့်တော်တဲ့ အစားအစာများ စားသောက်ဖို့၊ အလင်းရောင်ပေးပါ၊ အိပ်မက်၊ အကောင်းဘက်က တွေးပါစသည့် ခေါင်းစဉ်များအလိုက် ဖတ်ရှုပြီး တစ်ဦးချင်းပြန်လည်ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက်လက်ထောက်ညွှန်ကြားရေးမှူးမှ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းနှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းများအား လစဉ်စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)