တမူး အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သီတင်းကျွတ်ပွဲတော် အပျော်တမ်းဖူဆယ် (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ(၁၁) ရက်နေ့ ညနေ (၄း၃၀) နာရီအချိန်က ဗောဓိတောရကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ဖွင့်ပွဲပွဲစဥ်အဖြစ်ဗောဓိ FC အသင်းနှင့် မြို့နယ်မီးသတ်အသင်းတို့ ယှဥ်ပြိုင်ခဲ့ကြပြီး ဗောဓိ FC အသင်းမှ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ သီတင်းကျွတ်ပွဲတော် အပျော်တမ်းဖူဆယ်(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များရှိ ပြိုင်ပွဲဝင်အသင်းများနှင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း(၈) သင်းတို့ပါဝင်ယှဥ် ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိကြသည့် အသင်းများအား သီတင်းကျွတ်လပြည့်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ
တမူးခရိုင် (ပြန်/ဆက်)