သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သဲကုန်း အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းးမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာအုပ်စု၊ ချောင်းကမ်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ယမန်နေ့က ပုတီးမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဖိတ်ကြားထားသော တောင်သူများတက်‌ရောက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပုတီးကုန်းမြို့အုပ်ချုပ်ရေးမှူးဦးမျိုးဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ၊ မျိုး၊ ပိုးမွှားများအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေးကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလို၍ မေးမြန်းချက်များကို သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်၊ပြန်/ဆက်