အိမ်မဲ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ တွင် World Vision Myanmar Einme Area Program မှ အိမ်မဲမြို့နယ်ကျေးရွာအုပ်စုအသစ်များတွင် စီမံချက်နှင့်ဆိုင် သော လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် အစီအစဥ်ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်အား World Vision Myanmar မှ ဧရာဝတီနှင့်ရန်ကုန်ဇုံ မန်နေဂျာ ဦးဝင်းဇော်ခင်မှ ရှင်းလင်းတင်ပြပြီး World Vision အနေဖြင့် အိမ်မဲမြို့ နယ် အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများအား World Vision Myanmar Einme AP ဦးငြိမ်းချမ်းစိုးက လုပ်ငန်းများ အားတင်ပြခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များက အစီအစဥ်နှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကာ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံချက်ဆောင်ရွက်မည့် ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)