ငပုတော အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အောက်တိုဘာလ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက စိုက်ပျိုးရေး၊ မွှေးမြူရေးများဖွံဖြိုးတိုးတက်စေရန်၊ ပိုက်ဆံလျှော်စိုက်ပျိုးမှုနှင့် မျိုးစေ့ထားရှိမှုနှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှုသုံးစွဲမှု အခြေအနေနေကြာဆီထွက်သီးနှံ၊ မိုးစပါးအကောင်အထည်ဖော်နိုင်မှု၊ ဆောင်သီးနှံလျာထားချက်ပြည်မီ၊ မမှီဆောင်ရွက်မှု၊ မွေးမြူရေးတိရစ္ဆာန်ကောင်းရေ စာရင်းကောက်ယူမှုများကို သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရန်၊ ပွင့်လင်းရာသီရောက်မည်ဖြစ်ပါသဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့် ရွှေကလုံခြုံရေး သတိရှိစေရန် ဆွေးနွေးပြောကြားပြီး၊ အဖွဲ့ဝင်(၂)ဦးသန်းဦးက ပဝါရဏလောင်းလှူပူဇော်ပွဲတွင် ဌာနများအနေဖြင့် လောင်းလှူပူဇော်ရန် ဆွေးနွေးမှာကြားပါသည်။ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)