အုတ်ဖိုမြို့နယ် အ.ထ.ကဂုံညင်းတန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

အုတ်ဖို အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်များဗလငါးတန်နှင့်ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက  အ.ထ.က ဂုံညင်းတန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်နှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်သီသီမွန်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး အ.ထ.က ဂုံညင်းတန်းကျောင်း Grade-10 မှ မဆွေဇင်သင်းကလူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မဖူးမြတ်မွန်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ဟိန်းထက်ပိုင်က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်အာကာဗိုလ်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဦးဆောင်သူများနှင့်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)