ဒေးဒရဲမြို့နယ်၌ သက်ဆိုင်ရာဌာနများက ယစ်မျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ယစ်မျိုး​အရောင်း ဆိုင်များတွင် ခွင့်ပြုလိုင်စင်ဖြင့် သတ်မှတ်ထား သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို  သက်ဆိုင်ရာဌာနများက ယမန်နေ့ နံနက် (၁၀) နာရီက  ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဌာနများက မြို့ပေါ်ရပ်ကွက်များရှိ  စားသောက်ဆိုင်များ၊ ယစ်မျိုးအရောင်းဆိုင်များတွင်  ခွင့်ပြုလိုင်စင် ရှိ၊ မရှိစစ်ဆေးခြင်းနှင့် သတ်မှတ်ခွင့်ပြုထားသည့် အမျိုးအစားများ ရောင်းချ ရန်နှင့် ပြည်ပမှ တရားမဝင် ဝင်ရောက်လာသည့် ယစ်မျိုးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်သူများ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်း များ စျေးကွက်အတွင်းမှ ပပျောက်စေရေး အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါး အရောင်းဆိုင်များအား အပတ်စဥ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း