လိပ်သို အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နေထိုင်ကြသော ဒေသခံများမှာ ရာသီပေါ်ချိန်ကာလ မျှစ်များကို စားသုံးရန်၊ မိသားစုဝင်ငွေရရှိရန်နှင့် မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များ ပြုလုပ်သိုလှောင် ရောင်းချရန် တောတောင်များတွင် သဘာ၀အတိုင်း အလေ့ကျပေါက်ရောက်နေသော မျှစ်များကို နေ့စဉ်သွားရောက် ချိုးယူလျက်ရှိကြကြောင်း သိရသည်။
ဒေသခံများသည် ယခင်ကာလများက မျှစ်များကို ချိုးယူရရှိပြီးလျှင်ပြီးချင်း အစိမ်း အတိုင်း မျှစ်ပွဲစားများထံ ရောင်းချခဲ့ကြသော်လည်း ယခုအခါ ချိုးယူရရှိသော မျှစ်စိမ်းများကို အလုံးလိုက် ပြုတ်ပြီး ပလပ်စတစ်အိတ်ကြီးများဖြင့် ထုတ်ပိုးကာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ မျှစ်အဝယ် ဒိုင်များသို့ ပို့ဆောင်ရောင်းချလာကြသည်။
တောင်ငူမြို့မှ မျှစ်အဝယ်ဒိုင်များသည် ယခင်က မျှစ်အစိမ်းများကိုသာ ဝယ်ယူကြပြီး မျှစ်ပြုတ်ပြုလုပ်ကာ အခြားမြို့ကြီးများသို့ တင်ပို့ခဲ့ကြသော်လည်း ယခုအခါတွင် လိပ်သိုဒေသထွက် မျှစ်ပြုတ်များကို ဝယ်ယူလျက်ရှိကြပြီး ပြန်လည်သန့်စင်ကာ ကုန်ချောထုတ်လုပ်တင်ပို့ကြသောကြောင့် ဒေသထွက် မျှစ်ပြုတ်များကို ရနိုင်သမျှ ဝယ်ယူလျက်ရှိ နေသေး၍ ရောင်းဝယ်မှု အားကောင်းလျက်ရှိရာ ဒေသခံမျှစ်ပြုတ် ပြုလုပ်ရောင်းချသူများက မျှစ်စိမ်းများကို တစ်ပိဿာ လျှင် (၅၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူပြီး မျှစ်ပြုတ် ပြုလုပ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချလျက်ရှိရာ မျှစ်ပြုတ်တစ်ပိဿာကို ကျပ် (၁၀၀ဝိ/-) ရရှိနေ ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)