မော်လမြိုင်ကျွန်းမြို့နယ်၌ ပညာရေးကော်မတီဥက္ကဋ္ဌဖလား အထက်တန်းဆင့် ကျောင်းပေါင်းစုံ နယ်မြေအလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အထက်တန်း ဆင့် ကျောင်းပေါင်းစုံနယ်မြေအလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟ‌ဇော်က အခြေခံပညာ အဆင့်သည် စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်ထက်မြက်သော နိုင်ငံတော်ကိုယ်စားပြု လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစားအဆင့်အတန်း တိုးတက်လာစေ ရန် မိမိ၏ကျောင်း၊ မြို့နယ်၏ဂုဏ်ကို ဆောင်နိုင်သော အားကစားသမားများဖြစ်အောင် ကြိုးစား ယှဥ်ပြိုင်ကြသည့်အတွက် ဂုဏ်ယူ‌ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌဖလား အထက် တန်းဆင့် ကျောင်းပေါင်းစုံနယ်မြေအလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အ.ထ.က(၁) ဘောလုံးအသင်းနှင့် အ.ထ.က(၂) ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ အ.ထ.က (၂) ဘောလုံးအသင်းက ၆ ဂိုး၊ ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့ပြီး ဆုရရှိသည့်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)