ပေါက်ခေါင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပေါက်ခေါင်း အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလတန်းလွန်ကျောင်း (မြို့တောင်) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုရရှိရန် စာများများဖတ်ကြရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအကြောင်းအရာများနှင့်‌ ရှောင်ကြဥ်ကြရမည့် အချက်များကိုကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းထွန်းစိုးနှင့် ရုပ်သံ-၃ ဦးစိုနိုင်တို့က နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအဖြစ်ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံစာအုပ်ဖြင့်ပုံပြင်ပြောပြခြင်း၊ အသိပညာတိုးပွါးစေမည့် ရုပ်ပြပုံပြင်စာအုပ်များအား ဖတ်ရှု‌စေခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)