ပုလော အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အယ်လ်နီညိုရာသီဉတု ဖြစ်ပေါ် မှုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုလောမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိစုစန္ဒာထွေးက ရာသီဉတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအနေဖြင့် မွေးမြူရေးလုပ်ငန်းများမှ ပုစွန်မွေးကန်များ ကူးစက်ရောဂါ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်သားများ၏ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)