ရေစကြိုမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရေစကြို အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ ထ က(၁) မြတမာခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ မြို့နယ်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဉက္ကဌ ဦးသိန်းဝင်းက အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်ဝင်းမှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဟောပြောဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ဝင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးမြင့်ကျော်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ဉပဒေအရာရှိ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသန့်ဇင်အောင်က မူးယစ်ဆေးဝါးဉပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဉက္ကဌ ဦးသိန်းဝင်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးချမ်းမြေ့အောင်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ဝင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးသန့်ဇင်အောင်၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများတက် ရောက်ခဲ့ကြောင်းသိရသည်။

မောင်လုလင်(ရေစကြို)