စေတုတ္တရာ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွန်မှု၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အပတ်စဉ် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများ ရှာဖွေစစ်ဆေးခြင်း၊ ကုသပေးခြင်းများကို အပတ်စဉ်ပုံမှန်(ဗုဒ္ဓဟူး)နေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေနံနက်(၉)နာရီအချိန်က ရှာဖွေစစ်ဆေးကုသခြင်းများ အခမဲ့ဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့နောက် စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာမျိုးကိုကိုဇင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြု၊ဆရာ၊ဆရာမများက အငြိမ်းစားနိုင်ငံဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှူအဖြစ် ဆောင်ရွက်ပေးရာတွင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများ ရှာဖွေစစ်ဆေး၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဆေးဝါးထောက်ပံ့ခြင်း၊ ECGဆွဲခြင်း၊ သွေးစစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်းများ (အခမဲ့)ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများ ရှာဖွေစစ်ဆေး/ကုသပေးခြင်းများကို အောက်တိုဘာ(၄)ရက်နေ့မှ စတင်ကာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)