ကြံခင်းမြို့နယ် (အ.မ.က) ရွာသစ်မြောက်ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကြံခင်း အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) ရွာသစ်မြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာ ဖွံဖြိုးတိုးတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင်   ဆောင်ရွက်ကြသည်။

ရှေးဦးစွာ (အ.မ.က) ရွာသစ်မြောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီသန္တာအောင်က ကျောင်းသား/သူများ မူလတန်းအဆင့်မှစပြီး ပညာရေးတွင်သာမက ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောခြင်းအား အလေးထားမှတ်သားကြရန် ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး (၇)မျိုးအား အသိပညာပေး ဟောပြောပါသည်။

ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးရန် မသင့်သော အစားအစာများနှင့် ရရှိလာမည့် ဆိုးကျိုးများအား ရှင်းလင်းပြောကြားပြီးနောက်၊  (အ.မ.က) ရွာသစ်မြောက် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ  မြို့နယ်ဦးစီးအရာရှိက  အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး  အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ ပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေး ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)