စလင်း အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ချက်များနှင့်အညီ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန်၊ ကျောင်းနေပျော်၍ စာတော်သောလူငယ်များ ဖြစ်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက လူငယ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဥ်ဖြင့် အကျယ်တဝံ့ အသိပညာပေးပြောကြားခြင်း၊ ထို့နောက် မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့၊တပ်ကြပ်ကြီး ဇင်မင်းထိုက်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းများအား အသိပညာပေးပြောကြားခြင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးရန်အောင်မှကျောင်းသားလူငယ်များ သိသင့်သိထိုက်သည့် ဥပဒေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအုပ်သန်းလွင်မှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းပြဆရာမ ဒေါ်အိအိသွယ်မှ ကျောင်းသားလူငယ်များ ယဥ်ကျေးလိမ္မာလာစေရန်အတွက် ယဥ်ကျေးမှုနှင့် ပြည်သူ့နီတိဆိုင်ရာများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်မှ သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်း လင်းမောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဖြစ်သည့် စားသုံးသူရေးရာ ဦးစီးဌာန စားသုံးသူအခွင့်အရေး၊ စားသုံးသူများ၏အကျိုးစီးပွားကာကွယ်ရေးနှင့်ကု န်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရေး၊ ကုန်ပစ္စည်းများ၏အရည်အသွေး လုပ်ငန်းများဆောင်ရွက်ချက်များ ဖြစ်သည့် ကုန်စည်တံဆိပ်အမှတ်အသား ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဥ်၊ ထုတ်လုပ်သူအမည်နှင့် လိပ်စာ၊ လုပ်ငန်းအမည်နှင့် လိပ်စာများ၊ သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များနှင့် စားသုံးသူအခွင့်အရေးများအား ပြည့်စုံစွာ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မျိုး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း