ဟုမ္မလင်း၌ အခမ်းအနားမှူး ရက်တိုသင်တန်း ဖွင့်ပွဲကျင်းပ

ဟုမ္မလင်း အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြိုနယ် အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အခမ်းအနားမှူး ရက်တိုသင်တန်း၊ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်း၊ ဝတ်စားဆင်ယင်မူ၊ အသံပီသ ရှင်းလင်းရမည် စသည့် အကြောင်းအရာများဖြင့် ပြောကြားခဲ့ပြီး၊ ဟုမ္မလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူလင်းက လိမ္မာပါးနပ်တဲ့ အခမ်းအနားမှူးကောင်းများ၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ အခမ်းအနားမှူးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ခရိုင်ထွေ/အုပ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ​မြို့နယ်ပညာရေးဦးစီးဌာနတို့က သင်တန်းနည်ပြများ အနေဖြင့် တာဝန်ယူကာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ စုစုပေါင်း (၃၂)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)