သရက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပြရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကျောင်းသား/ကျောင်းသူများအနေဖြင့် စည်းကမ်းရှိရှိ ပြုမူနေထိုင်တတ်ပြီး ပညာကို ကြိုးစားသင်ယူတက်စေရေန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်မှသာ မိမိရပ်ရွာ၊ နိုင်ငံတော်အတွက် အကျိုးရှိမည်ဖြစ်၍ စာပေဖတ်ရှုသည့် အလေ့အထကောင်များကို လေ့ကျင့်ပြီး စာဖတ်ကြရန်နှင့် အားကစားစိတ်ဓါတ်ကောင်းများ မွေးမြူပြီး ကျန်းမာသန်စွမ်းအောင် လေ့ကျင်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က ကလေးသူငယ်အခွင့်အရေးများ၊ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်နှင့် ပတ်သက်သည့်အကြောင်းအရာများ ပြောကြားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်စာစောင်များအား လက်ခံပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စောင်များအား ကြည့်ရှ့ခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)