ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် အောက်တိုဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲများပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အ.ထ.က ကလိန်အောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက    လီခစ်နှင့် စာပေယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည် "စကားပြောချိုသောကြက်တူရွေး"ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်း သား/သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)