ငပုတောမြို့၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

ငပုတော အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးလက် စီးပွားမြင့်မား‌ရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းနားကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ရာဇာစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးကျော်စိုးဝင်းက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူး များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းက သုံးခွကျေးရွာအုပ်စု၊ မကျည်းပင်ကျေးရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေဥက္ကဋ္ဌ ဦးစိုးဝင်းအား ရန်ပုံငွေကျပ် (သိန်း-၃၀၀) အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)