မုံရွာ အောက်တိုဘာ ၁၀
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၄/၂၀၂၃ ကို အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေး ခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ လည်ပတ်သုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်း Standard Operating Procedure – SOP အား မတည်ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ/စည်းမျဉ်းစည်းကမ်း အသေးစိတ်များ ရေးဆွဲခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀)ဘီလီယံအား စိုက်ပျိုးရေး/မွေးမြူရေးနှင့် သက်ဆိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များနှင့် သမဝါယမအသင်းများအား လုပ်ငန်းအမျိုးအစားများအလိုက် ချေးပေးရန် လျာထားသတ်မှတ်ထားခဲ့ပါကြောင်း၊ အတိုးရငွေများအား စနစ်တကျစာရင်းပြုစုပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း SOP တွင် သတ်မှတ်ထားသည့်အတိုင်း လုပ်ငန်းများသို့ပြန်လည် ထုတ်ချေးပေးနိုင်ရေးနှင့် လိုအပ်သည့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးစီမံ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များအား MSME လုပ်ငန်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး အလေးအနက်ထားဆောင် ရွက်ရန်လို အပ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး/မွေးမြူရေးနှင့် သက်ဆိုင်သည့် ကုန်ထုတ် လုပ်ငန်းများအား ဦးစားပေးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သတ်မှတ် ကဏ္ဍများအလိုက် မတည်ချေးငွေများအား လျာထားချက်ပြည့်မှီစွာ အမြန်ဆုံးထုတ်ချေးပေးနိုင် ရေးနှင့် အရင်းမပျောက်မတည်ငွေများအား မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေများ ထုတ်ချေးထားရှိမှုနှင့် ချေးငွေများဖြင့်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။