ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ဇီးကုန်း အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီ နတ်တလင်းခရိုင် ဇီကုန်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သစ်နဖားကျေးရွာအုပ်စု၊ သစ်နဖားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက "စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး" ခေါင်းစဉ်ဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ပပဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍  အကြမ်းဖက်မှုများဆိုင်ရာ အမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများ၊ ကြိုတင်ကာကွယ်နည်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကလေးသူငယ်တို့၏ အခွင့်အရေးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာနှင့်ပတ်သက်၍ ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များအကြောင်း၊ သိသင့်သိထိုက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ အကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော မုန့်များနှင့် သက်တမ်းလွန်မုန့်များ၊ စားသုံးရန်မသင့်သော အစားအသောက်များကို ကျောင်းသူ၊ ကျောင်းသားများ ဗဟုသုတရရှိနိုင်ရန်  ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော  အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း ရသိသည်။

တင့်ဆွေ (ပြန်/ဆက်)