မအူပင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် စားအုံးဆီနှင့် ကြက်ဥများအား စားသုံးသူများ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေး

မအူပင် အောက်တိုဘာ ၁‌၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုံးဆီနှင့် ကြက်ဥများအား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မအူပင် တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား သွားရောက်ရောင်းချပေးခဲ့ သည်။

ထိုသို့ရောင်းချရာတွင် မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီ (၁)ပိဿာလျှင် (၄၈၀၀/-)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅‌၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၂၂၀/-) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၅၀၀)အား သက်သာသောဈေးနှုန်းများ စားသုံးသူများလက်ဝယ် အရောက် ရောင်းချပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ရောင်းချနေမှုများအား စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အလှည့်ကျရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)