မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

မုံရွာ အောက်တိုဘာ ၁၀

 ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်က စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကောက်ကွက် (၁၀) ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ (၁၂၅) အိမ် နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ် ကျွဲရဲ (တောင်) ‌ကျေးရွာ၌ အဖွဲ့ (၅) ဖွဲ့ ခွဲ၍ ဆက်လက်ကောက်ယူလျက်ရှိ ကြောင်းသိရှိရသည်။

ဦးစွာ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အ‌ဖွဲ့ဝင်များက အဆိုပါ ကျွဲရဲ (တောင်) ကျေးရွာတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ () ရက်နေ့အထိ အိမ်‌ထောင်စု (၁၁၁၆) စု လူဦးရေ (၂၆၅၆) ဦး ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 ခရိုင် (ပြန်/ဆက်)