စေတုတ္တရာ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လူငယ်များ ဘက်စုံဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း စေတုတ္တရာတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အ.ထ.က စေတုတ္တရာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးစေရန်၊ အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသော လူစွမ်းအားအရင်းအမြစ်များဖြစ်သည် လူငယ်များ ဖြစ်လာစေရန်အတွက် ယခုကဲ့သို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးလင်းက လူငယ်နှင့်အားကစားခေါင်းစဉ်နှင့် အားကစားဆိုင်ရာအကြောင်းအရာများကို ဟောပြောပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးက ကျောင်းသား/သူများ အားကစားလေ့ကျင့်ရန်အတွက် အားကစားပစ္စည်းများကို အ.ထ.က စေတုတ္တရာကျောင်းမှ ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ပြီး အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်များ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ကလေးအလုပ်သမားပပျောက်ရေး အစရှိသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)