ဝေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်

ဝေါ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့ပေါ်ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ယမန်နေ့နက်နက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက် ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းများသို့ ခေတ္တပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

ဝေါမြို့ပေါ်ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကာ အပြင်သစ်စက်ရပ်ကွက်မှ အိမ်ထောင်စု(၁၉)စု၊ ကျား(၄၀)၊ မ(၃၅)ဦး စုစုပေါင်း (၇၅)ဦး၊ အပြင်ကန်တော်ရပ်ကွက်တွင် အိမ်ထောင်စု(၅)စု၊ ကျား( ၉ )၊ မ(၆)ဦး စုစုပေါင်း(၁၅ )ဦး၊ အင်းတိုင်စုကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု(၆၀)စု ကျား(၁၃၀) ဦး၊ မ(၁၇၀) ဦး၊ စုစုပေါင်း(၃၀၀)ဦး၊ ကံမြင့်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မရုံတွင် အိမ်ထောင်စု(၅)စု ကျား(၉) ဦး၊ မ(၁၂)ဦး စုစုပေါင်း(၂၁)ဦးတို့အား ရေဘေးရှောင်စခန်းများသို့ ခေတ္တပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)