မုံရွာ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနများအလိုက် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်စေရန်နှင့် တိုင်းဒေသကြီးအဆင့်နှင့် လျော်ညီစွာအောင် အောင်မြင်မြင်ဆောင်ရွက်နိုင်စေရန် တို့အတွက် ရည်ရွယ်ပြီး အခမ်းအနားမှူး သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က “အနိမ့်ဆုံး မိမိတို့ ဌာနအတွင်းမှာ ကျင်းပပြုလုပ်တဲ့ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ဒါဘာ အခမ်းအနားများမှာ စနစ်တကျ ဆောင်ရွက်နိုင်စေရန် ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ (၁၁)ရက် ကြာမြင့်မှာဖြစ်ပြီး ကျွန်တော်တို့ဌာနက ဝန်ထမ်းနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများ က သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။
သင်တန်းသားများကို မှာကြားလိုတာကတော့ သင်တန်းချိန် နောက်မကျစေဘဲ အချိန်မီ တက်ရောက်ကြရန်နှင့် သင်တန်းမှ ချမှတ်တဲ့ စည်းမျဉ်း/ စည်းကမ်းများကို လိုက်နာဆောင်ရွက် ပေးကြပါရန်နှင့် ယခုသင်တန်းမှာ စာတွေ့၊ လက်တွေ့ နှစ်မျိုးစလုံးကို သင်ကြားပေးသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားစွာနဲ့ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးခဲ့ပြီးနောက် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြား ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်း(၃၀)ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင်းပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ နည်းပြဆရာမများက “တစ်ဦးချင်း မိတ်ဆက်ခြင်း၊ အခမ်းအနားမှူးဆိုသည်မှာ MC တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲခြင်း၊ ကြိုတင်ပြင်ဆင်မှု၏ အရေးပါပုံ၊ အထောက် အကူပြု လက်တွေ့ လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ အခမ်းအနားတစ်ခုအောင်မြင်စွာ ကျင်းပ ခြင်းဆိုသည်မှာ၊ အထောက်အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ အထောက် အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ထူးခြားသောအခမ်းအနားများ၊ အထောက် အကူပြုလက်တွေ့ လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ တွေ့ကြုံရသော ဖြစ်တတ် သော အလွဲများ၊ အကောက်အကူပြု လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ဂရုပြုစရာ ဆောင်ရန်/ ရှောင်ရန်နှင့် အကြံပြုချက်များ၊ အထောက်အကူပြုလက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းပြီးမြောက်ခြင်း စသည့်ဘာသာရပ်များကို သင်တန်းကာလ (၁၀.၁၀.၂၀၂၃) ရက်နေ့မှ (၂၁.၁၀.၂၀၂၃) ရက်နေ့အထိ (၁၁)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)