လေးမျက်နှာ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသော ပဆင-စာစီကုန်း-ထောက်ကြံ့ကွင်း-ဝါးတောကွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်း ကျောက်ချောခင်းခြင်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ (၁၃၃.၄၉၈) သန်း အကုန်အကျခံ၍ အရှည်(၁)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၁၄)လက်မအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေရာ (၇၀)ရာခိုင်နှုန်းခန့်ပြီးစီးနေကြောင်း၊ မကြာမီအချိန်အတွင်း ရာခိုင်နှုန်းပြည့် ပြီးစီး အောင် ဆောင်ရွက်နေကြောင်းနှင့် လမ်းလုပ်ငန်း ပြီးစီးသွားပါက ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၇၇၂)အိမ်လူဦးရေ(၃၁၁၆)ဦးကို အကျိုးပြုနိုင်ကြောင်း ဦးစီးအရာရှိ(မြို့ပြ) ဦးမြင့်လင်းထံက သိရသည်။
တင်ရွှေ (ပြန်/ဆက်)