ပုသိမ် အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုးဆူစံပြကျေးရွာတွင် ရောင်းချပေးခဲ့သည်။
ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်စီစဉ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ့ဆားလုပ်ငန်း၊ တိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကိုးဆူကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်း၊ ဆီတစ်ပိဿာလျှင် (၄၈၀၀) ကျပ်နှုန်း၊ ဆားတစ်ပိဿာလျှင် (၃၀၀) ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီ(၅၅၀)ပိဿာ၊ ဆား(၁၀၀)ပိဿာ၊ ကြက်ဥ(၁၀၀၀)လုံးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်(ပြန်/ဆက်)