ပေါင်းတည်မြို့နယ် ဘိုးသာအောင်ကုန်းကျေးရွာတွင် ရတနာတိုးမိုးစပါးရိတ်သိမ်းတင်း ၁၀၀ ကျော်ထွက်ရှိ

ပေါင်းတည် အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ဘိုးသာအောင်ကုန်းကျေးရွာ၊ ဦးပိုင်အမှတ် ၂၅၊ အကွက်အမှတ် ၁၁၂၆ ရှိ တောင်သူဦးကျော်စိုး၏ မိုးစပါးရတနာတိုး တစ်ဧကစိုက်ခင်းအား ယမန်နေ့နံနက် ၁၀နာရီက ၆.၆ပေပတ်လည် စံကွက်ရိတ်သိမ်းရာ စပါးတင်း ၁၁၀  ထွက်ရှိခဲ့ပြီး အသိမ်အဖျင်းကင်းစင်ကာ စပါးအရည်အသွေးကောင်းမွန်ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းမှုကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသန်းဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်မင်းသူနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက ကြီးကြပ်ရိတ်သိမ်းချွေလှေ့ကာ အထွက်နှုန်း စိစစ်ခဲ့ကြကြောင်း၊ ထိုစံကွက်ရိတ်သိမ်းနေမှုနှင့် စပါးအထွက်နှုန်းကို ကျေးရွာအုပ်စုအတွင်းမှတောင်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)