ဂန့်ဂေါ အောက်တိုဘာ ၂၀
သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများ အသိပေးဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲတွင် ဂန့်ဂေါမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဆန်းမင်းက သားအိမ်ခေါင်းကင်ဆာ အကြောင်း နှင့် သားအိမ်ခေါင်းကင်ဆာ (HIV) ကာကွယ် ဆေးကို ဂန့်ဂေါမြို့နယ်တွင် အောက်တိုဘာ ၂၁ ရက် မှစတင်ကာ စတင်ထိုးနှံပေးမည့်အခြေအနေများကို အသိပေးဆွေးနွေးပြီး ပူးပေါင်းပါဝင်ကြရန် ဆွေးနွေး၍ သားအိမ်ခေါင်းကင်ဆာ အကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်မှု ဗွီဒီယို မှတ်တမ်းကို ပြသသည်။
အသိပေးဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ရီရီသန်းနှင့် အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
တောင်သားမောင်သန်း