ကျွန်းလှတွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲကျင်းပ

ကျွန်းလှ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဗဟိုအဆင့်ဖွင့်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းကို ပြသသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်မိုးဆန်းက အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်း မိန်းက‌လေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံပေးမည့် အစီအစဉ်နှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သာအိမ်ခေါင်းကင်ဆာနှင့် အခြားရောဂါများ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။

ကျွန်းလှမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အထိမိန်းကလေးဦးရေ (၁၁၀၇) ဦးအား သက်ဆိုင်ရာ စုရပ်များတွင် အောက်တိုဘာ (၂၀) ရက်မှ (၂၂) ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲ‌မှု ကော်မတီများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

မျိုးဝင်းညို (ကျွန်းလှ)