အမာမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းပို့ချ

အမာ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးသန်းဌေးက ဆင့်ပွားသင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ စာရင်းကောက်ယူမည့်သူများကို အမှတ်စဉ်နှင့် အဖွဲ့အမှတ်များ သတ်မှတ်ပေးခြင်း၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည့် နည်းစနစ်များ သတ်မှတ်ပေးခြင်း၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရမည့် နေရာဒေသများ သတ်မှတ်ခြင်း၊ စာရင်းကောက်ယူရမည့် မေးခွန်းလွှာအား မေးမြန်းဖြည့်သွင်းခြင်း နည်းလမ်းများ၊ ဖြေကြားသူနှင့် အိမ်ထောင်စုဆိုင်ရာအချက်များ၊ တိရစ္ဆာန်ကောင်ရေ၊ ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်မွေးမြူရေးများနှင့်ပတ်သက်၍ ကောက်ယူရမည့်အချက်များ၊ စာရင်းကောက်ယူပြီးသည့်မေးခွန်းလွှာများ ပြန်လည်ပေးအပ်ခြင်း နည်းလမ်းများအား ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ဘဝသစ်ကျေးရွာအုပ်စုအတွင်း ကျေးရွာများမှ စာရင်းကောက်ယူမည့် ကျေးရွာကိုယ်စားလှယ် (၁၂)ဦး တက်ရောက်ခဲ့ပြီး တစ်ရက်တာသင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် ဆိပ်မကျေးရွာအုပ်စု၌လည်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ဆင့်ပွားသင်တန်းကို သတ်မှတ်ရက်များတွင် ဆက်လက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့ဦးစီးမှူးဦးသန်းဌေးထံမှ သိရသည်။

အမာ(ပြန်/ဆက်)