မေတ္တာ အောက်တိုဘာ ၉
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်အေးအေးချိုက ရောင်စုံစက္ကူများဖြင့် မီးပုံးပြုလုပ်ခြင်း၊ အမြင့်ခုန်ခြင်းနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားလူငယ်များအနေဖြင့်အသိပညာ၊ အတတ် ပညာစွမ်းအားများ ရရှိလာကြပြီး ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်လာကြစေရန်၊ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေဖို့အတွက် စာကြည့်တိုက်၌ အတွေးအခေါ်ပိုင်းဆိုင်ရာစာအုပ်စာစောင်များအား ဖတ်ရှုပြီးလေ့လာမှတ်သား အတုယူတတ်စေရန်နှင့် ဗဟုသုတများကြွယ်ဝလာစေရန်၊ အနုပညာစွမ်းပကားများ၊ အလှတရားများကို ရှုမြင်ခံစားတတ်စေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စိတ်ပျော်ရွှင်မှုများ ရရှိလာကြစေရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူရည်ချွန်များ ဖြစ်လာကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပြိုင်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ရောင်စုံစက္ကူများဖြင့် မီးပုံးပြုလုပ်ခြင်း၊ အမြင့်ခုန်ခြင်း၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများအား စတင်ယှဉ်ပြိုင်စေခဲ့ရာ ဆိတ်ကူးအသင်းတော်မှ မူလတန်းနှင့် အလယ်တန်းအဆင့် Sunday Schoolကျောင်းသား/သူ (၁၈) ဦးတို့မှပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သော Sunday School ကလေးငယ်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကျောင်းသုံးဗလာ စာအုပ်နှင့်ဘောပင်များပေးအပ်ခဲ့ကြောင်း သိရသည်။
မေတ္တာ(ပြန်/ဆက်)