လောင်းလုံးမြို့(ခ)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲများ ကျင်းပ

လောင်းလုံး အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ ကျောင်းသား/သူများအသိပညာ ဗဟုသုတပိုမိုရရှိရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲများကို လောင်းလုံးမြို့၊ (ခ)ရပ်ကွက်မူလတန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းစသော အသိပညာပေးခြင်းကို ဟောပြော၍ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့်  ဒေသလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)