ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟော‌ပြောပွဲနှင့်နံရံကပ်၊ ဓါတ်ပုံပြသခြင်းဆောင်ရွက်

ကလိန်အောင်  အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်၊ ဓာတ်ပုံပြပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပ‌ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် အသိပညာဗဟုသုတ တိုးပွား၍ ဗလငါးတန်းနှင့်ပြည့်စုံစေရန်၊ ဘက်စုံချွန်သည့်လူငယ်များဖြစ်လာစေရန် လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်းနှင့် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန် အကျင့်စာရိတ္တကောင်းပြီး ကျန်းမာရေးကောင်းမွန်စေရန် အားကစားများ၊ စာပေဗဟုသုတများတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း‌ ပြောကြားခဲ့ပြီး လူငယ် များအ‌နေဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးနံရံကပ်နှင့်‌ (Community Centre) လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ ပြသခဲ့ပြီး လူငယ်လူရွယ်များက စိတ်ပါးဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)